နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားပေးရန် ညီနောင်မဟာမိတ်(၃)ဖွဲ့က အိမ်နီးချင်း တရုတ်နိုင်ငံအား တောင်းဆို

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားပေးရန် ညီနောင်မဟာမိတ်(၃)ဖွဲ့က အိမ်နီးချင်း တရုတ်နိုင်ငံအား တောင်းဆို

Hsan Loi Editor
07/08/2024
Share:

 

အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ဟန့်တားပေးရန် ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ သြဂုတ်လ(၆)ရက်နေ့က အိမ်နီးချင်း တရုတ်နိုင်ငံအား တောင်းဆိုတိုက်တွန်းထားကြောင်း သိရပါသည်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများရှိ စျေး၊ စာသင်ကျောင်း၊ ဆေးရုံအစရှိသော လူထုအဆောက်အအုံများကို တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှု ကျုးလွန်နေမှုများကို ဝိုင်းဝန်းတားဆီး ဟန့်တား ကြပါရန်ကိုလည်း အိမ်နီးချင်းဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးတို့ကို အထူးယုံကြည် အားကိုးစွာဖြင့် တောင်းဆိုတိုက်တွန်းထားသည်ဟု ညီနောင် မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

 

ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ ထိန်းချုပ်ထားသော နယ်မြေများအတွင်းမှ လောက်ကိုင်၊ သိန်းနီ၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် မြောက်ဦး အစရှိသည့် မြို့နယ်များတွင် စစ်ကောင်စီက တိုက်လေယာဥ်များဖြင့် ဖျက်အားပြင်းဗုံးများ ကြဲချကာ ပြည်သူလူထုများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါသည်။