နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ လေယာဥ်နှင့်ဗုံးကြဲမှုကြောင့် ကွတ်ခိုင်မြို့မှ ပြည်သူ(၆)ဦး‌ သေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိကာ ဈေးဆိုင်ခန်းပေါင်း(၄၀၀)ကျော် မီးလောင်ပျက်စီး

စစ်ကောင်စီ၏ လေယာဥ်နှင့်ဗုံးကြဲမှုကြောင့် ကွတ်ခိုင်မြို့မှ ပြည်သူ(၆)ဦး‌ သေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိကာ ဈေးဆိုင်ခန်းပေါင်း(၄၀၀)ကျော် မီးလောင်ပျက်စီး

Hsan Loi Editor
07/08/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ်လ(၅)ရက်နေ့ ညနေ(၃:၀၀)နာရီခန့်အချိန်က စစ်ကောင်စီ၏ လေယာဥ်နှင့် ဗုံးကြဲမှုကြောင့် ရပ်ကွက်(၅)နှင့် ရပ်ကွက်(၈)ရှိ ဒေသခံပြည်သူ(၆)ဦး သေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း(၄၀၀)ကျော် မီးလောင်ပျက်စီးသွားခဲ့‌ကြောင်း သိရသည်။

 

ထို့အပြင် ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း (၄၀၁)ခန်းလည်း ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားကာ အရပ်သား နေအိမ်(၁၀)လုံးထက်မနည်းထိခိုက်ပျက်စီးသွားခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ထားပါသည်။

 

၁၀၂၇ စစ်ဆင်ရေး အပိုင်း-၁ မှာ ကွတ်ခိုင်မြို့ကို ပလောင်တပ် TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ကို ထိန်းချုပ်ထားကြောင်းသိရှိရပါသည်။