နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်သူများသို့ မိန့်ခွန်းပြောပြီး နာရီပိုင်းအကြာတွင် TNLA နှင့်ပူးပေါင်းတပ်များက ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ခဲ့

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်သူများသို့ မိန့်ခွန်းပြောပြီး နာရီပိုင်းအကြာတွင် TNLA နှင့်ပူးပေါင်းတပ်များက ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ခဲ့

Hsan Loi Editor
06/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ကျန်ရှိနေသေးသော စကခ–၁ ၊ခလရ-၅၀၁/ ခလရ-၅၀၂ တပ်များအား TNLA နှင့်ပူးပေါင်းတပ်က (၅.၈.၂၀၂၄) ရက်နေ့ ည(၁၀)ဝန်းကျင်ခန့်တွင် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ တိုက်ဆိုင်စွာဖြင့် ယမန်နေ့ညတွင်ပင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူများထံသို့ နိုင်ငံပိုင်မီဒီယာမှတဆင့် မိန့်ခွန်းပြောပြီး နာရီပိုင်းအကြာတွင်ပင် ကျောက်မဲမြို့အား တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့သည်။

 

“ မနေ့တုန်းကတော့ တစ်မနက်လုံး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ (၁၀) ကြိမ်ထက်မနည်း ဗုံးလာကြဲသွားသေးတယ်။ ညပိုင်းမိုးနည်းနည်းစချုပ်တာနဲ့ ၅၀၁/၅၀၂ ဘက်မှာ တိုက်ပွဲသံတွေကြားရပါတယ်။ ဒီမနက်တော့ ပစ်ခတ်သံတွေလည်းမကြားရတော့ပါဘူး။ မနက်ပိုင်းတော့ လူတွေနည်းနည်းပါးပါး အပြင်ထွက်လာကြတယ်။ အခုထိတော့ ငြိမ်သက်နေတုန်းပါပဲ။” ဟု ကျောက်မဲဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

 

ကျောက်မဲမြို့၏ ခလရ-၅၀၁/၅၀၂ အား သိမ်းပိုက်ရရှိရန် TNLA နှင့် တော်လှန်ရေးအင်အားစုများက လနှင့်ချီ အချိန်ယူတိုက်ခိုက်ခဲ့ရသည်။