နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်းလျောက်နေစဉ် ဖုန်းနှင့်ပိုက်ဆံအိတ်အလုခံရ

လားရှိုးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်းလျောက်နေစဉ် ဖုန်းနှင့်ပိုက်ဆံအိတ်အလုခံရ

Hsan Loi Editor
17/12/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၉)ရပ်ကွက် နယ်မြေ (၃) တွင် ယနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်ခန့်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လမ်းလျောက်နေစဉ် လူ(၃)ဦးမှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာပြီး ၎င်းအမျိုးသမီး လက်ဆွဲအိတ်ကို အတင်းလုယက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

 

“သူက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ လမ်းကိုဖြေးဖြေးပဲလျောက်လာနေတဲ့အချိန် လူ(၃)ဦးက ဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး သူ့လက်ဆွဲကို အတင်းဆွဲလုသွားတာ။ နေ့ခင်းကြောင်တောင် လူတွေသွားလာနေတဲ့အချိန်မှာတောင် ဒီလိုအတင့်ရဲတာဆိုတော့ လားရှိုးမြို့ရဲ့ အနေအထားကို စဉ်းစားသာကြည့်တော့ဗျာ။ သူ့လက်ဆွဲထဲမှာ ပိုက်ဆံနည်းနည်းနဲ့ I Phone XS တော့ ပါသွားတယ်။” ဟု ၎င်းအမျိုးသမီးနှင့် နီးစပ်သူ အသိုင်းအဝိုင်းက ပြောပြသည်။

 

လားရှိုးမြို့တွင် နေ့ခင်းလည်း ဆိုင်ကယ်ခိုးမှုများ ၊ ယခုလို လုယက်မှုများကို အုပ်စုလိုက် ရမ်းကားလုပ်ဆောင်နေကြသလို ညဘက်တွင်လည်း ဖောက်ထွင်းခိုးမှု မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/