သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်များက အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေမှုကြောင့် အလုအယက်ဝယ်ယူနေရ

တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်များက အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေမှုကြောင့် အလုအယက်ဝယ်ယူနေရ

Hsan Loi Editor
01/08/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယမန်နေ့ (၃၁.၇.၂၀၂၄) ရက်နေ့ကစတင်၍ မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များ အကန့်အသတ်ဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့က တောင်ကြီးမြို့၏ အကြီးဆုံး ဓာတ်ဆီဆိုင်ဖြစ်သော BOC ဆိုင်မှာ Octane 97 ဓာတ်ဆီအမျိုးအစား တစ်မျိုးတည်းသာ ရောင်းချပေးပြီး ကားတစ်စီးအား (၅) သောင်းကျပ်၊ ဆိုင်ကယ်တစ်စီး (၁) သောင်းကျပ်သာရောင်းပေးခဲ့သည်။

 

“ ဆီတွေထုတ်မရောင်းပေးတော့တာလား ရောင်းဖို့ဆီမရှိတော့တာလားတော့ မသိဘူး။ မနေ့ကတည်းက မြို့ထဲကဆိုင်တွေတော်တော်များများ ပိတ်ထားတယ်။ BOC မှာတော့ 97 ဆီတစ်မျိုးပဲထုတ်ရောင်းပေးတယ်။ ဒီနေ့လည်း မြို့ပြင်ဘက်ကဆိုင်တွေက Octane 92 တွေရောင်းပေးတယ်ဆိုလို့ သွားတန်းစီတာ ကားတစ်စီးကို (၂) သောင်းနှုန်းပဲရောင်းပေးပါတယ်။” ဟု တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။

 

တောင်ကြီးမြို့၌ မြို့ခံများအပြင် စစ်ဘေးရှောင်အများအပြားရောက်လာပြီး လာရောက်မှီခိုတိမ်းရှောင်နေသောမြို့ဖြစ်သည်။ မြို့အတွင်းရှိ ကားလမ်းမများပေါ်တွင်လည်း မကြုံစဖူး လမ်းပိတ်ဆို့မှုများကြုံနေရပြီး ပုံမှန်ထက် မော်တော်ကား(၂) ဆခန့်ပိုများနေသည်ကို တွေ့ရသည်။ ယခုလို ဓာတ်ဆီများအား အကန့်အသတ်ဖြင့်သာ ရောင်းချပေးသောကြောင့် စက်သုံးဆီပြတ်လပ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။