သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့ဟုဆို 

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့ဟုဆို 

Hsan Loi Editor
30/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ယနေ့ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် MNDAA တို့လည်း ယနေ့ နံနက်တစ်ပိုင်းလုံး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

လက်ရှိအချိန်အထိ သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း လက်နက်ကြီးအသံများ ကြားနေရဆဲဖြစ်ပြီး MNDAA နှင့် တော်လှန်ရေးအင်အားစုများက ရမခတိုင်းစစ်ဌာနချုပ်အား ဦးတည်ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။