သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့အခြေစိုက် သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း နှင့် ဆက်သွယ်ရေးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များထပ်မံသိမ်းပိုက်

လားရှိုးမြို့အခြေစိုက် သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း နှင့် ဆက်သွယ်ရေးတပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များထပ်မံသိမ်းပိုက်

Hsan Loi Editor
30/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ကျန်ရှိနေသော စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါသည်။

 

ဇူလိုင် (၂၈)ရက်နှင့် (၂၉)ရက်နေ့များတွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂) စစ်လက်နက်တပ်ခွဲနှင့် စစ်တပ်ဂေါက်ကွင်းတို့မှ ရန်သူများကို အပြီးသတ်သိမ်းပိုက်ခဲ့ ကြောင်း BPLA က ထုတ်ပြန်ခဲ့ပါသည်။

 

MNDAA က ဇူလိုင်လ(၂၅)ရက်တွင် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များကို သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကြေညာကာ မြို့တွင်းအုပ်ချုပ်ရေး ဖော်ဆောင်မည်ဟု အသိပေးပြီးနောက် စစ်ကောင်စီ လက်ကျန် တပ်စခန်းများအား ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။