သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့ ရပ်ကွက်(၇)ရှိ နေအိမ်တစ်လုံးအားဖောက်ထွင်း ခိုးယူလုယက်နေသူများကို MNDAA အဖွဲ့က အသိပညာပေးပြီး မောင်းထုတ်ခဲ့

လားရှိုးမြို့ ရပ်ကွက်(၇)ရှိ နေအိမ်တစ်လုံးအားဖောက်ထွင်း ခိုးယူလုယက်နေသူများကို MNDAA အဖွဲ့က အသိပညာပေးပြီး မောင်းထုတ်ခဲ့

Hsan Loi Editor
29/07/2024
Share:

 

ယမန်နေ့ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၇)၊ (၁၄)လမ်းရှိ နေအိမ်တစ်အိမ်ကို ဖောက်ထွင်းပြီး ကုန်ပစ္စည်းများ သယ်ဆောင်လာသူ အများအပြားကို လုံခြုံရေးယူထားသော MNDAA တပ်ဖွဲ့က စိစစ်တွေ့ရှိပြီး ချက်ချင်းဟန့်တားကာ အသိပညာပေးပြီး လုယက်သူများကို မောင်းထုတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေအိမ်မှ ကုန်ပစ္စည်းများ ဝင်ရောက်ခိုးယူလုယက်သူ လူဦးရေ ၃၀ ဦးရှိကြောင်း MNDAA က ထုတ်ပြန်ထားပါသည်။

 

ခိုးယူလုယက်သူများကို မည်ကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရပါစေ ခိုးယူခြင်းကို မပြုသင့်ကြောင်း၊ ခိုးယူလုယက်မှုကို ပြတ်ပြတ်သားသား တားမြစ်ထားပြီး ထပ်မံတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း MNDAA ၏ စည်းရုံးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးမှ ပြောကြားခဲ့ကြောင်း သိရပါသည်။

 

လက်ရှိ လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ် လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်ချထားပြီး စားနပ်ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးထောက်ပံ့မှုစသည်ဖြင့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များကလည်း အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။