သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များဖြစ်သော ခလရ ၆၈ နှင့် ဆင်တောင်စစ်စခန်းအား ယမန်နေ့ (၂၇.၇.၂၀၂၄) ရက်နေ့ ညနေပိုင်း၌ MNDAA က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်မှုတွင် စစ်တပ်သုံးယာဉ် (၁၀)စီးကျော်အပြင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA က ဖော်ပြထားသည်။
ဒါ့အပြင် လားရှိုးမြို့ရှိ အကျဉ်းထောင်လည်း မွန်းလွဲပိုင်းခန့်တွင် ပွင့်သွားပြီး အကျဉ်းသားများ အပြင်ရောက်နေပြီဟု ကောလာဟလထွက်ပေါ်လာသည်။
