သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့တွင်း MNDAA နှင့်ပူးပေါင်းအဖွဲ့များ ကင်းလှည့်နေပြီဖြစ်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေဟုဆို

လားရှိုးမြို့တွင်း MNDAA နှင့်ပူးပေါင်းအဖွဲ့များ ကင်းလှည့်နေပြီဖြစ်ပြီး ရှင်းလင်းရေးလုပ်ဆောင်နေဟုဆို

Hsan Loi Editor
27/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့ရှိ စစ်ကောင်စီ တပ်စခန်းများစွာကို MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် ယနေ့တွင် မြို့တွင်း ကင်းလှည့်ခြင်းနှင့် ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။ MNDAA တပ်သားများသည် လားရှိုးမြို့ရှိ မြို့မဈေး၊ ဆေးရုံကြီး၊ မြို့တော်ခန်းမ စသည့်နေရာများ၌ ကင်းလှည့်နေသော ဓာတ်ပုံများအား ယနေ့တွင် MNDAA အဖွဲ့က ဖော်ပြလာသည်။

 

တစ်ဖက်တွင်လည်း လားရှိုးမြို့၌ စစ်ကောင်စီတပ်သားများစွာ ကျန်ရှိနေသေးပြီး MNDAA နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုလည်း နေ့စဉ်ပြုလုပ်နေသည်။

 

အလားတူ ယနေ့ညနေပိုင်းတွင် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာရှိ စစ်ကောင်စီတပ်ဖြစ်သော ၉၁၂ အင်ဂျင်နီယာ စစ်မြေပြင်တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်းတို့အား MNDAA က သိမ်းပိုက်ထားပြီဖြစ်ပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား သယ်ထုတ်နေကြောင်း သိရသည်။