နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုးကုတ်မြို့သိမ်း TNLA နှင့် MDY တို့ပါဝင်ခဲ့ပြီး အတွဲလိုက်ပစ် ဒုံးလက်နက်ကြီးနှင့် လက်နက်မျိုးစုံအပြင် Jumper တစ်စုံ သိမ်းဆည်းရမိဟုဆို

မိုးကုတ်မြို့သိမ်း TNLA နှင့် MDY တို့ပါဝင်ခဲ့ပြီး အတွဲလိုက်ပစ် ဒုံးလက်နက်ကြီးနှင့် လက်နက်မျိုးစုံအပြင် Jumper တစ်စုံ သိမ်းဆည်းရမိဟုဆို

Hsan Loi Editor
26/07/2024
Share:

 

မန္တလေးတိုင်းတိုင်းဒေသကြီး ၊ မိုးကုတ်မြို့ သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တို့က (ဇူလိုင် ၂၅) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများမှာ အတွဲလိုက်ပစ် ဒုံးလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁ လက်၊ ငါးကြင်းမြီး ခေါ် စက်သေနတ် ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ ဒုံးကာကွယ်ရေးလက်နက်ဖြစ်သည့် Jumper ၁ စုံ၊ အတွဲလိုက်ဒုံး (၄ လုံးတွဲ) ၁ လက်၊ မိုင်းနှင့် ခဲယမ်းမျိုးစုံအမြောက်အမြားဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

မိုးကုတ်မြို့သိမ်းစစ်ဆင်ရေးတွင် MDY-PDF ၏ ဒရုန်းတပ်ဖွဲ့နှင့် TNLA တို့ တိုက်ပွဲကို ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။