နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီအရာရှိနှင့်တပ်သား (၃၀၀) ဦးကျော် MNDAA ထံ လက်နက်ချ၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီစခန်းများဖြစ်သော ခလရ – ၄၁ နှင့် ခလရ – ၆၈ ကိုလည်း သိမ်းပိုက်နိုင်ပြီဟု MNDAA ထုတ်ပြန်

စစ်ကောင်စီအရာရှိနှင့်တပ်သား (၃၀၀) ဦးကျော် MNDAA ထံ လက်နက်ချ၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီစခန်းများဖြစ်သော ခလရ – ၄၁ နှင့် ခလရ – ၆၈ ကိုလည်း သိမ်းပိုက်နိုင်ပြီဟု MNDAA ထုတ်ပြန်

Hsan Loi Editor
23/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ တပ်ရင်းတစ်ခုက ဒုဗိုလ်မှူးကြီးဦးဆောင်၍ စစ်ကောင်စီတပ်သား (၃၀၀) ဦးကျော်သည် ဇူလိုင်လ (၂၁) ရက်နေ့က MNDAA ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

 

လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီအဖွဲ့ထဲတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူကဦးဆောင်၍ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၁၇ ဦး ပါဝင်ပြီး မည်သည့်တပ်ရင်းဖြစ်ကြောင်း MNDAA ကဖော်ပြထားခြင်းမရှိပါ။

 

ဒါ့အပြင် လားရှိုးမြို့အခြေစိုက် ခလရ ၄၁ နှင့် ခလရ ၆၈ တပ်ကိုလည်း MNDAA က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု သိရသည်။ လားရှိုးမြို့အထွက် အေဒီ တံတားကိုလည်း ကျိုးပျက်သွားပြီဟုဆိုသည်။ MNDAA အဖွဲ့သည် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် လားရှိုးမြို့အဝင်ဆိုင်းဘုတ်နှင့် မြို့ပေါ်ရပ်ကွက်အချို့အထိ ဝင်ရောက်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။