နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဇူလိုင်လ ၂၁ ရက်နေ့ တစ်နေ့လုံး ကျောက်မဲမြို့တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် မြို့အနှံ့ ဗုံးကြဲတိုက်ခိုက်နေ

ဇူလိုင်လ ၂၁ ရက်နေ့ တစ်နေ့လုံး ကျောက်မဲမြို့တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် မြို့အနှံ့ ဗုံးကြဲတိုက်ခိုက်နေ

Hsan Loi Editor
21/07/2024
Share:

 

ယနေ့ (၂၁.၇.၂၀၂၄) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ စစ်ကောင်စီတပ်နှင့် TNLA တို့ တစ်နေ့လုံး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ ယနေ့ည (၇:၃၀) အထိ ကျောက်မဲမြို့ နမ့်ဟူးတောင်းကျေးရွာ တရုတ်ကျောင်းအနီးအား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

“ မနေ့ကတည်းက စစ်သားတွေ မြို့ထဲကိုပြန်ဝင်လာနေကြတာနဲ့ TNLA နဲ့တိုက်ပွဲတွေ အပြင်းအထန်ပြန်ဖြစ်ပြီးတော့ မြို့ထဲကိုလည်း တိုက်လေယာဉ်နဲ့ တစ်နေ့ကုန် ဗုံးလာလာကြဲနေတယ်။ ကျောက်မဲမြို့အဝင်နားက နောင်ပိန်ကျွဲကုန်းရွာထဲက လူတွေကို မနေ့ကတည်းက အကုန်လုံးထွက်ခိုင်းနေတယ်။ နမ့်ဟူးတောင်းဘက်မှာလည်း ညနေ ၇ နာရီကျော်လောက်ပဲ လက်နက်ကြီးရော လေယာဉ်နဲ့ပါ ဗုံးလာကြဲသွားသေးတယ်။ ဖုန်းလိုင်းက နေရာတိုင်းမရတော့ ဘယ်သူတွေအိမ်ထိကိုပြီး လူဘယ်နှစ်ထိခိုက်တယ်ဆိုတာတော့ မသိနိုင်သေးဘူးဗျ။ ကျောက်မဲထဲမှာ ပိတ်မိနေတဲ့သူတွေ အများကြီးပဲ။” ဟု ကျောက်မဲမြို့ ရန်ကင်းရပ်ကွက်တွင် ပိတ်မိနေသူပြည်သူတစ်ဦးကပြောသည်။

 

ညနေပိုင်းခန့်က ကျောက်မဲမြို့ ကျောက်တောင်ဘက်ခြမ်းတွင် အပြန်အလှန်ပစ်ခတ်တိုက်မှုဖြစ်ပြီး လက်ရှိသတင်းရေးသားချိန်တွင် နမ့်စစ်လင်းကျောင်းတိုက်ဘက်၌ တိုက်ပွဲဖြစ်ပွားနေသည်။

 

အလားတူ လွယ်ခွန်တောင်၊ အုတ်ကျင်းရပ်ကွက် နှင့် အင်ကြင်းတောင်အနီး တိုက်ပွဲပြင်းထန်နေပြီး အဆိုပါနေရာများတွင် နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် အိမ်ပြင်မထွက်ကြရန် ဒေသခံတစ်ဦးက အကြံပြုထားသည်။

 

သတင်းအရင်းအမြစ်တစ်ဦး၏ ပြောပြချက်အရ ယနေ့ ညနေပိုင်းခန့်တွင် နမ့်စစ်လင်းကျောင်းတိုက်အနီးရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။