သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အထက်တန်းပြ ဆရာမတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုနှင့်အတူ နောက်ဆုံးရ ကျောက်မဲမြို့နယ် တိုက်ပွဲသတင်း

အထက်တန်းပြ ဆရာမတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုနှင့်အတူ နောက်ဆုံးရ ကျောက်မဲမြို့နယ် တိုက်ပွဲသတင်း

Hsan Loi Editor
16/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဆက်လက်ဖြစ်ပွားနေသည်။ ကျောက်မဲမြို့ စစ်ကောင်စီ အခြေစိုက် ခလရ ၅၀၁/၅၀၂ ကို TNLA နှင့် တော်လှန်ရေးအင်အားစုများ ယနေ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။

 

ယမန်နေ့က ကျောက်မဲမြို့ အထက (၁) အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အထက်တန်းဆရာမတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

 

အလားတူ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာ ဒေသခံပြည်သူနေအိမ်တစ်အိမ်ပေါ်တွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင်(၃)ဦး သေဆုံးခဲ့သည်။

 

ကျောက်မဲမြို့နယ် အထက်ရဲရွာရေအားလျှပ်စစ်အနီးရှိ စစ်ကောင်စီအဖွဲ့ကို ဇူလိုင်လ (၁၄) ရက်နေ့တွင် TNLA နှင့် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၉) ဦးသေဆုံးခဲ့သည်။

 

ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ ယခုသတင်းဖော်ပြချိန်အထိ ကျောက်မဲမြို့အနှံ့ တိုက်ပွဲသံများ ကြားနေရပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။