နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး လောက်  ကိုင်မြို့ရှိ အဆောက်အအုံကြီးများ ပျက်စီး

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး လောက် ကိုင်မြို့ရှိ အဆောက်အအုံကြီးများ ပျက်စီး

Hsan Loi Editor
14/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့အား ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီ၏ တိုက်လေယာဉ်များ မြို့အတွင်း ဝင်ရောက်လာပြီး ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခြင်း ခံရသော နေရာများသည် MNDAA နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်းများ မကြာခဏ တည်းခိုလေ့ရှိသော နေရာများဖြစ်သည်ဟုဆိုသည်။

 

စစ်ကောင်စီက လောက်ကိုင်မြို့လယ်ရှိ ဖူလီလိုက် ဟိုတယ်ပတ်ဝန်းကျင်ကို အဓိကပစ်ခတ်တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။ MNDAAက လားရှိုးမြို့မှ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီက လောက်ကိုင်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်သေဆုံးမှု သတင်းအတိအကျမသိရသေးပါ။ လက်ရှိတွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုးကုတ်၊ ကျောက်မဲ နှင့် နောင်ချိုမြို့များ၌ စစ်ကောင်စီတပ်နှင့် TNLA ၊ MNDAA နှင့်အခြားတော်လှန်ရေး အင်အားစုများ တိုက်ပွဲပြင်းထန်နေလျက်ရှိသည်။