နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းရယ်မြို့နယ်ထဲ တိုက်ပွဲကူးစက်မလာဖို့ SSPP/SSA တပ်မတော် မှ မိုင်းရယ်မြို့ထဲသို့ အင်အား ထောင်ချီ ဝင်ရောက်နေရာယူ

မိုင်းရယ်မြို့နယ်ထဲ တိုက်ပွဲကူးစက်မလာဖို့ SSPP/SSA တပ်မတော် မှ မိုင်းရယ်မြို့ထဲသို့ အင်အား ထောင်ချီ ဝင်ရောက်နေရာယူ

Hsan Loi Editor
13/07/2024
Share:

 

ယနေ့ ဇူလိုင်လ(၁၃)ရက် မနက်အစောပိုင်းက သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့ထဲသို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တပ်မတော်မှ အင်အားထောင်နဲ့ချီ ဝင်ရောက်နေရာယူပြီး မိုင်းရယ်မြို့နယ်ထဲ တိုက်ပွဲကူးစက်မလာဖို့ ဝင်ရောက်ကာကွယ်တာဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ(၇)ရက်က မိုင်းရယ်မြို့နယ်ထဲတွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး ဟိုယကျေးရွာရှိ ဟိုယ စေတီတစ်ဆူ လက်နက်ကြီးထိမှန် ပျက်စီးသွားကာ ဟိုယကျေးရွာရှိ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြကြောင်း သိရသည်။

 

ယခု မိုင်းရယ်မြို့နယ်သို့ SSPP တပ်မတော် စစ်ကြောင်းမှ ဝင်ရောက်နေရာယူထားခြင်းနှင့် ပတ်သက်ပြီး SSPP/SSA မှ တစ်စုံတစ်ရာ ထုတ်ပြန်ကြေငြာခြင်းမရှိကြောင်း သိရှိရပါသည်။