သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်‌ကောင်စီယာဉ်တန်းများ နမ့်စန်မြို့မှ လွိုင်လင်ဘက်သို့ ထွက်ခွာ

စစ်‌ကောင်စီယာဉ်တန်းများ နမ့်စန်မြို့မှ လွိုင်လင်ဘက်သို့ ထွက်ခွာ

Hsan Loi Editor
04/07/2024
Share:

 

ယနေ့ ဇူလိုင်လ(၄)ရက် နေ့လည်ပိုင်းအချိန်က သျှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှ လွိုင်လင်ဘက်သို့ စစ်ကောင်စီယာဉ်တန်းများ ထွက်ခွာသွားကြောင်းသိရသည်။

 

” စစ်ကား ၅ စီး ၆ စီး လောက် လွိုင်လင်ဘက် ကို ဒီနေ့ နေ့လည်မှာ နမ့်စန်မြို့ထဲကနေဖြတ်သွားတာ၊ စစ်လက်နက်အပြည့်အစုံနဲ့ပဲ၊ သျှမ်းပြည်မြောက်ပိုင်းဘက်ကို ဦးတည်သွား‌တာဆိုတော့ အင်အားသွားဖြည့်တာနေမယ်” လို့ နမ့်စန်မြို့ခံ တစ်ဦးက Hsan Loi Voice ကို ပြောသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့‌တွေမှာ ဇွန်လ (၂၅)ရက်နေ့မှစတင်ပြီး ယနေ့အထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ် သားပြည်သူ အများအပြားသေဆုံးကြောင်း သိရှိရပါသည်။