သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ(၁)ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပစ်သတ်ပြီး ဒေသခံတဦးကို ဖမ်းဆီးသွား

ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ(၁)ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပစ်သတ်ပြီး ဒေသခံတဦးကို ဖမ်းဆီးသွား

Hsan Loi Editor
04/07/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ(၁)ဦးကို စစ်ကောင် စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့ပြီး ဒေသခံပြည်သူ(၁)ဦး ဖမ်းဆီးသွားကြောင်း PNLA မှ ထုတ်ပြန်ထားပါသည်။

 

ထမ်းယံတိုင်ကျေးရွာမှ ဒေသခံ ခွန်တငွေနှင့် အဖော်ဖြစ်သူ ခွန်မောင်ႏပေႏ သည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့်အိပ်ပေးရာမှ ဇူလိူင်လ (၃) ရက်နေ့ မနက်(၇) နာရီခန့်အချိန် အသုဘ ရှိသည့်အိမ်မှ မိမိနေအိမ်သို့ပြန်လာစဉ် ကျေးရွာအတွင်း တပ်စွဲထားသည့် PNO ပြည်သူ့စစ်က ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

PNO ပြည်သူ့စစ်မှ ခွန်တငွေကို ပစ်သတ်ပြီးနောက် ခွန်တငွေ၏ အဖော်ဖြစ်သူ ခွန်မောင်ႏပေႏ အား ရွာအပြင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

 

စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များသည် လက်ရှိအချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲ ထားလျက်ရှိပြီး ဒေသခံပြည်သူများအား ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။