နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်လောင်းမြို့တောင်ဘက် ဆောင်ပြောင်းဒေသတွင် တကြော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွား

ပင်လောင်းမြို့တောင်ဘက် ဆောင်ပြောင်းဒေသတွင် တကြော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွား

Hsan Loi Editor
01/07/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက် ဆောင်းပြောင်းဒေသတွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် KNDF နှင့်ရှမ်းတောင်PDFတပ်ဖွဲ့တို့အကြား မနေ့ ဇွန်လ(၃၀)ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး မြေပြင်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

 

ဆောင်းပြောင်းဒေသခံပြည်သူများအနေဖြင့် ပင်လောင်းဘက်ကို ဦးတည်တိမ်းရှောင်မှုများ ပြုလုပ်ကြပြီး ဆောင်းပြောင်းဘုန်းကြီးကျောင်းတွင် လူဦးရေ(၃၀၀)ဝန်းကျင်ခန့် ပိတ်မိနေပြီး စစ်ကောင်စီ က ထွက်ခွင့်မပေးကြောင်း သိရှိရသည်။

 

ဒါ့အပြင် စစ်ကောင်စီက ဆောင်ပြောင်းကျေးရွာရှိ နေအိမ်များကို ဒရုန်း ၃ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခုလက်ရှိတွင် ဆောင်းပြောင်း၏ အပေါ်ဘုရားအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။