နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နောင်ချိုမြို့ တပ်ရင်း (၁၁၄) စစ်ကောင်စီတပ်ရင်းအား TNLA နှင့်တော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး၊ လက်နက်မချဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကိုလည်း ပိတ်ဆို့ထားဟုဆို

နောင်ချိုမြို့ တပ်ရင်း (၁၁၄) စစ်ကောင်စီတပ်ရင်းအား TNLA နှင့်တော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး၊ လက်နက်မချဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကိုလည်း ပိတ်ဆို့ထားဟုဆို

Hsan Loi Editor
28/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သော ခမရ (၁၁၄) အား ယမန်နေ့ ဇွန်လ(၂၇)ရက် ညပိုင်းခန့်က တော်လှန်ရေးအင်အားစုများနှင့် TNLA အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ဒေသသတင်းများ၏ ဖော်ပြချက်အရ ခမရ – ၁၁၄ အတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ – ၃၅၀ ကျော်အား တော်လှန်ရေးအင်အားစုများနှင့် TNLA က သိမ်းဆည်းရရှိခဲ့သည်။

 

လက်ရှိအချိန်တွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သော ဒတရ (၆၀၆) အား TNLA နှင့် တော်လှန်ရေးအင်အားစုများက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီဘက် အဝေးပစ် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသလို တိုက်လေယာဉ်ဖြင့်လည်း ဗုံးကျဲတိုက်ခိုက်နေသည်။

 

ယမန်နေ့ညပိုင်းတွင်လည်း နောင်ချို-ကျောက်မဲ ကားမကြီးတစ်လျောက် ဂုတ်တွင်းကြိုးဝိုင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများနှင့် TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဂုတ်တွင်းကြိုးဝိုင်း ကျောက်မဲဘက်ခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခုခံတိုက်ခိုက်ရင်း လက်နက်ချခြင်းမရှိဘဲ ဂုတ်တွင်းကြိုးဝိုင်းအတွင်း ထွက်ပြေးနေကာ အဆိုပါ ထွက်ပြေးနေသော စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။