သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပအိုဝ်းဒေသရှိ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသူများ အလှည့်ကျ ရှေ့တန်းတက်ရမည်ဖြစ်ပြီး ရှေ့တန်းတက်ရန် စရိတ်စကများကို ကိုယ့်အစီအစဥ်ဟုဆို

ပအိုဝ်းဒေသရှိ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသူများ အလှည့်ကျ ရှေ့တန်းတက်ရမည်ဖြစ်ပြီး ရှေ့တန်းတက်ရန် စရိတ်စကများကို ကိုယ့်အစီအစဥ်ဟုဆို

Hsan Loi Editor
28/06/2024
Share:

 

စစ်ကောင်စီလက်အောက်ခံ ၊ အထူးဒေသ(၆)၊ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်း ပြည်သူ့ စစ်(ဌာနေ)၏ လှုပ်ရှားနယ်မြေအတွင်း အသက်(၁၈)နှစ်အထက် (၃၅)နှစ်အောက် အမျိုးသား အားလုံး အခြေခံစစ်ပညာသင်ကြားရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးသော ပြည်သူ့စစ်သားများသည် အလှည့်ကျ ရှေ့တန်း တက်ရမည်ကြောင်း သိရသည်။

 

ဒါ့အပြင် ရှေ့တန်းတက်ရန် ကိုယ့်စရိတ်၊ ကိုယ့်အစီ အစဥ်နဲ့ စီစဥ်ရမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ် မှ သိရသည်။ ပြည်သူ့စစ်သင်တန်းစရိတ်အတွက် ဒေသခံ ပြည်သူများထံမှ တစ်အိမ် (၁)သောင်းကျပ် ကောက်ခံပြီး အသက်(၁၈)နှစ်မှ (၃၅)နှစ်ကြားရှိ ပြည်ပရောက်သူများအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုမထမ်းသဖြင့် တစ်ဦးကို ကျပ်(၃)သိန်းခွဲ ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

 

“တစ်အိမ်တစ်ယောက် မဖြစ်အနေသင်တန်းတက်ရတယ်၊ ငါးရက်လောက်သင်တန်းပေးပြီး ရှေ့တန်းတက် စစ်တိုက်ခိုင်းတာကတော့ တော်တော်လွန်တာပဲ၊ နိုင်ငံခြားရောက်နေတဲ့လူကိုတော့ ပိုက်ဆံကောက်တယ်၊ တစ်ယောက်ကို (၃)သိန်းခွဲတဲ့ တချို့ရွာကျတော့ (၆)သိန်းပေးရတယ်“ လို့ ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ကျောက်တလုံးမြို့ နယ်ရှိ PNO ဥက္ကဌ ဦးအောင်ခမ်းထီ ထံ စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လာရောက်တွေ့ဆုံ အကြံဉာဏ်တောင်းယူခဲ့သည်ဟု PNO ကထုတ်ပြန်ထားသည်။ တွေ့ဆုံစဥ် အထူးဒေသ(၆)၊ PNO အဖွဲ့ ဒု-စစ်ဦးစီးချုပ် ခွန်နေဝင်းထွန်း က ပအိုဝ်းပြည်သူများအတွက် လိုအပ်သော အကြံအဥာဏ်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားပြီး လက်ရှိမြေပြင် အခြေအနေများ တင်ပြကြောင်း PNO သတင်းရင်းမြစ်မှ သိရှိရပါသည်။