နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

RCSS/SSA အုပ်‌ချုပ်ရေးနယ်မြေရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများ စစ်ဆေးတွေ့ရှိမိပါက (၁၅)နှစ် စစ်မှုထမ်းရမည်ဟုဆို 

RCSS/SSA အုပ်‌ချုပ်ရေးနယ်မြေရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများ စစ်ဆေးတွေ့ရှိမိပါက (၁၅)နှစ် စစ်မှုထမ်းရမည်ဟုဆို 

Hsan Loi Editor
27/06/2024
Share:

 

RCSS/SSA အုပ်‌ချုပ်ရေးနယ်မြေရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲသူများ စစ်ဆေးတွေ့ရှိမိပါက (၁၅)နှစ် စစ်မှုထမ်းရမည်ဟု ယနေ့ ဇွန်(၂၆) ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို RCSS/SSAမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားကြောင်းသိရပါသည်။

 

အဆိုပါ အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ RCSS ၏ အုပ်ချုပ်ရေး နယ်မြေ (၄)မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အခမ်းအနားသို့ RCSS (ဗဟို)မှ ထုတ်ပြန်လိုက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့်ပတ်သက် ၍ ကြေညာချက် ဖတ်ကြားတင်ပြခြင်း၊မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် တာဝန်ရှိသူ အသီးသီးက ရှင်းလင်းတိုက်တွန်းသွားကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ RCSS ၏ နယ်မြေ(၄)၊နယ်မြေ(၅) မှ တပ်သားများနှင့်ဒေသခံပြည်သူများ အင်အား(၂၇၀၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။