သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့ ဌာနဆိုင်ရာ ရုံးတော်တော်များများအား TNLA နှင့်ပူးပေါင်းအဖွဲ့က သိမ်းယူထားပြီး စစ်ကောင်စီတပ်ရင်းများအား ဆက်လက်ထိုးစစ်ဆင်နေ

ကျောက်မဲမြို့ ဌာနဆိုင်ရာ ရုံးတော်တော်များများအား TNLA နှင့်ပူးပေါင်းအဖွဲ့က သိမ်းယူထားပြီး စစ်ကောင်စီတပ်ရင်းများအား ဆက်လက်ထိုးစစ်ဆင်နေ

Hsan Loi Editor
26/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အတွင်းရှိ ဌာနဆိုင်ရာ နေရာများစွာအား ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် TNLA က သိမ်းပိုက်နေရာယူထားပြီဖြစ်သည်။ (၂၆.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀)နာရီနောက်ပိုင်းတွင် ကျောက်မဲမြို့ မြို့မရဲစခန်းအား TNLA က ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး ယခုအချိန်တွင် ရဲစခန်းကိုလည်း သိမ်းပိုက်ရရှိနိုင်သော အရိပ်အယောင်များရှိကြောင်း ကျောက်မဲမြို့တွင်း ပိတ်မိနေသော ပြည်သူတစ်ဦးက ပြောပြသည်။

 

“မနေ့ညကတော့ တိုက်ပွဲသံသဲ့သဲ့ပဲကြားရတယ်။ စကစ အဖွဲ့တွေအများကြီးသေတာတော့ မြင်ရတယ်။ ဘာလို့လဲဆိုရင် သူတို့ရဲ့အလောင်းတွေတင်လာတဲ့ကားက အိမ်ရှေ့ကနေဖြတ်သွားတာ တွေ့လိုက်ရတယ်။ တအာင်းဘက်ကလည်း အကျအဆုံးများလောက်တယ်။ လယ်ကွင်းထဲကနေ မြို့ထဲကို ဖြတ်ဝင်လာတဲ့အချိန် ၁၅ ယောက်လောက်ရှိတဲ့ TNLA အဖွဲ့တွေရှိဆီကို စစ်သားတွေက လက်နက်ကြီးတွေနဲ့လှမ်းထုတာ တော်တော်ထိတယ်။ အခုတော့ စစ်သားတွေက သူတို့တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ရမ်းသမ်းထုတော့ လူနေအိမ်တွေအပေါ်ကျပြီး သေတဲ့သူလည်း သေတာပေါ့။

 

TNLA တွေကလည်း အရမ်းလည်တယ်။ လူတွေကို ထွက်မပြေးခိုင်းပဲနဲ့ လူနေအိမ်ကြားထဲကနေ ပြေးပြေးဝင်ပြီး တစ်ဖြေးဖြေးချင်း တစ်နေရာပြီး တစ်နေရာ ဝင်ဝင်နေရာယူလာတယ်။ ရဲစခန်းထဲမှာလည်း တိုက်နိုင်တဲ့စစ်သားတွေအဲ့လောက်မကျန်တော့ ဒီမနက်နဲ့တင် သူတို့သိမ်းနိုင်လောက်ပြီ။ ကျနော်တို့ကြောက်တာက စကစတွေ လေယာဉ်နဲ့ဗုံးလာကျဲမှာကိုပဲကြောက်တာ။ အခုထိ ပြည်သူတွေအကုန်လုံးက မြို့ထဲမှာပဲ ပိတ်မိနေကြတာ။”ဟု ကျောက်မဲဒေသခံပြည်သူတစ်ဦးက ပြောပြသည်။

 

ယနေ့ နံနက်ပိုင်း (၆)နာရီမှ (၁၀) နာရီအထိ ပြည်သူများအား ဈေးဝယ်ခွင့်နှင့် အပြင်ထွက်ခွင့် ခဏပေးပြီး ၁၀ နာရီနောက်ပိုင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများအား TNLA က တဖြည်းဖြည်း ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။