နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်မြို့ (၁၀၅)မိုင်တွင် ကျွဲတစ်ကောင်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂၀)ဦးခန့် ဒဏ်ရာရ

မူဆယ်မြို့ (၁၀၅)မိုင်တွင် ကျွဲတစ်ကောင်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂၀)ဦးခန့် ဒဏ်ရာရ

Hsan Loi Editor
24/06/2024
Share:

 

၂၀၂၄ ခုနှစ် ဇွန်လ (၂၂)ရက်နေ့က သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်တွင် နမ့်ဖတ်ကာဖက်ကနေ ကားဖြင့်တင်လာသော ကျွဲတစ်ကောင် အနီးပတ်ဝန်းကျင်ရှိ လူများအား တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ကျွဲတိုက်ခိုက်ခြင်းခံရပြီး အသက်(၅၀)နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ(၂၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

“နမ့်ဖတ်ကာကနေ ကျွဲကိုဝယ်လာပြီးတော့ ၁၀၅ မိုင်အရောက် ကျွဲကို ချတဲ့အချိန်မှာ ကျွဲကစိတ်ရိုင်းဝင်ပြီး တွေ့သမျှလူတွေကို လိုက်ခွေ့တော့တာပဲ။ အဲ့ဒီမှာ အမျိုးသမီးတစ်ယောက်ရင်ဘတ်ကို ဝင်တိုက်သွားပြီး အဲ့ဒီအမျိုးသမီးတော့ သေသွားပြီ။ ရပ်ကွက်တွေထဲလည်း တစ်အိမ်ပြီးတစ်အိမ် ဝင်ပြီး တွေ့သမျှလူတွေကို ဒေါသတစ်ကြီး လိုက်တိုက်ခိုက်နေတာ လက်ကျိုးတဲ့လူနဲ့ ခြေကျိုးတဲ့လူတွေနဲ့ လူအများကြီး ထိခိုက်ဒဏ်ရာရကုန်တယ်။”ဟု မူဆယ်မြို့နေသူတစ်ဦးက ပြောပြသည်။

 

အဆိုပါကျွဲကို MNDAA အဖွဲ့က အသေပစ်သတ်လိုက်ပြီဟုလည်း သိရသည်။ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ အနယ်နယ်အရပ်ရပ်မှ ကျွဲနွားများ ကားဖြင့် တင်ဆောင်လာပြီး ထိုမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြခြင်းဖြစ်သည်။