နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

UNOPS က စစ်ကောင်စီဝန်ကြီးအား လာရောက်တွေ့ဆုံ

UNOPS က စစ်ကောင်စီဝန်ကြီးအား လာရောက်တွေ့ဆုံ

Hsan Loi Editor
17/12/2022
Share:

 

ဘန်ကောက်အခြေစိုက် UNOPS ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Sanjay Mathura သည် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကန်ဇော်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးရာဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့အား ယမန်နေ့က နေပြည်တော်တွင် လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီနှင့် UNOPS တို့ ရှေ့လျှောက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

စစ်ကောင်စီအဆိုပြုသည့် မြန်မာကိုယ်စားလှယ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက လက်မခံ ပယ်ချသည့်နေ့က UNOPS ဒါရိုက်တာက တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

 

UN ၌ လူသားချင်းဆိုင်ရာ အထောက်အပံ့ပေးရေးကိစ္စ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးကိစ္စများကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ကာလကြာရှည်စွာ လုပ်ကိုင်ဖူးသူတဦးက စစ်ကောင်စီနှင့် ညှိနှိုင်းတွေ့ဆုံမည့်အစား NUG အစိုးရနှင့်သာ တွေ့ဆုံညှိနှိုင်းသင့်ကြောင်း ရေးသားဖော်ပြထားသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/