နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မောက်မယ်မြို့ရှိ နမ့်ယွမ်းချောင်းကူး ကျောင်းခုံတံတားကို ကျပ်(၃ ဘီလီယံ) အကုန်ကျခံပြီး RC တံတားအသစ် တစ်စင်း တည်ဆောက်မည်

မောက်မယ်မြို့ရှိ နမ့်ယွမ်းချောင်းကူး ကျောင်းခုံတံတားကို ကျပ်(၃ ဘီလီယံ) အကုန်ကျခံပြီး RC တံတားအသစ် တစ်စင်း တည်ဆောက်မည်

Hsan Loi Editor
23/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်ရှိ နမ့်ယွမ်းချောင်းကူး ကျောင်းခုံတံတားကို ပြည်ထောင်စုဘတ်ဂျက် ကျပ်(၃ဘီလီယံ)ဖြင့် ယခုဘဏ္ဍာနှစ် အတွင်း စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရပါသည်။

မောက်မယ်မြို့နယ်နှင့် လင်းခေးမြို့နယ်ချင်းဆက် အဓိကလမ်းပေါ်ရှိ လမ်းဦးစီးဌာနပိုင် ပေ(၂၃၀)ခန့် အရှည်ရှိသည့် နမ့်ယွမ်းချောင်းကူး ကျောင်းခုံတံတားသည် သစ်သားတံတား အမျိုးအစားဖြစ်ပြီး နှစ်စဥ် ရေတိုက်စားမှုကြောင့် ခိုင်ခံ့မှုအားနည်းလာကာ တံတားအသစ်တစ်စင်း လိုအပ်လာလျက် ရှိကြောင်းသိရသည်။

“တံတားက ပြင်သင့်တာ ကြာနေပြီ၊ အခု တံတားအသစ်ဆောက်မယ်ဆိုတော့ ပိုကောင်းတာပေါ့၊ အရင်တံတားအဟောင်းက ကားတစ်စီး ဒီဘက်ကနေဖြတ်ရင် ဟိုဘက်ကလာမယ့်ကားနဲ့ ဆိုင်ကယ်က အဲ့ဘက်ထိပ်ကို စောင့်နေရတာ၊ အချိန်လည်းကုန်တယ်၊ ကားကြီးတွေ ဖြတ်ရင် တံတားကယိုင်နေတာ၊ အန္တရာယ်လည်းများတယ်လေ” လို့ ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ(၂၀)ရက်နေ့ကစပြီး အဆိုပါ နမ့်ယွမ်းချောင်းကူး ကျောင်းခုံတံတားအဟောင်းကို စတင်ဖျက်ဆီးနေပြီဖြစ်ကာ ယခု တည်ဆောက်သွားမည့် တံတားအသစ် တစ်စင်းသည် သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး တံတားကို (၃)နှစ်စီမံကိန်းနဲ့ အပြီးတည်ဆောက်သွားမည်ဖြစ်‌ကြောင်း သိရှိရပါသည်။