သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ပြည်သူ (၃)သန်းရှိလာပြီလို့ UNHCR ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ပြည်သူ (၃)သန်းရှိလာပြီလို့ UNHCR ထုတ်ပြန်

Hsan Loi Editor
21/06/2024
Share:

 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်ပြည်သူ (၃)သန်း ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယခုဇွန်လ (၂၀)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်လိုက်ကြေင်းသိရပါသည်။

 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ (၁.၂)သန်းကျော်က အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး အိမ်နီးချင်းနိုင်ငံများမှာ ခိုလုံနေရကြောင်းသိရသည်။

 

စစ်ကောင်စီမှတဆင့် ထောက်ပံ့ပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီများကိုလည်း စစ်ဘေးရှောင်ပြည်သူများက မရရှိကြဘူးလို့ သိရပါသည်။ ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင်လူဦးရေသည် (၁၀)ဆကျော် မြင့်တက်သွားကြောင်းသိရပါသည်။

 

စစ်ဘေးရှောင်ပြည်သူအများစုသည် ကရင်နီ (ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ရခိုင်ပြည်နယ် တို့ကဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းက လူဦးရေ (၁၈.၆ )သန်းဟာ အသက်ကယ် လူသားချင်းစာနာထောက်ထားမှု အကူ အညီများကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။