နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့၌ ရပ်ကွက်အတွင်း ကောက်ရသော လက်ပစ်ဗုံးဆော့ကစားပြီး ပေါက်ကွဲရာမှ ကလေး(၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

လားရှိုးမြို့၌ ရပ်ကွက်အတွင်း ကောက်ရသော လက်ပစ်ဗုံးဆော့ကစားပြီး ပေါက်ကွဲရာမှ ကလေး(၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိ

Hsan Loi Editor
21/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၇)၊ နယ်မြေ(၆) လမ်းသွယ်(၂၉) ညောင်ဦးဖီးလမ်းကြားတွင် ယနေ့ နေ့လည်(၁၂း၁၀)နာရီခန့်က ကလေးငယ်တစ်ဦးက ရပ်ကွက်အတွင်း ကောက်ရသော လက်ပစ်ဗုံးအား ယူဆော့ကစားရာမှတဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး(၄)ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

 

“အသက်(၁၂)အရွယ်လောက်ရှိတဲ့ ကလေးတစ်ယောက်က လက်ပစ်ဗုံးကောက်ရပြီး ဆော့နေချိန် ကျောင်းဆင်းချိန်ဖြစ်တော့ နောက်ထပ်ကလေးတွေလည်း ဝိုင်းကြည့်နေကြတဲ့အချိန် ပေါက်ကွဲမှုဖြစ်တာပါ။ အဲ့ဒါကြောင့်အဲ့နားမှာရှိတဲ့ ကလေးငယ် မိန်းကလေး(၂)ယောက်၊ ယောက်ျားလေး(၂) ယောက် ကလေး(၄)ယောက် ဗုံးပေါက်ကွဲတဲ့ဒဏ်ထိပြီး ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန်ရကြတယ်။ ဘယ်သူကဗုံးကိုပစ်သွားတာလဲ တမင်ချခဲ့တာလား ပြုတ်ကျခဲ့တာလားတော့ မသိဘူး။ မနေ့ညတုန်းကလည်း လားရှိုးမြို့ထဲမှာ သေနတ်ပစ်သံ (၂)ချက်ကြားရသေးတယ်။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပြသည်။

 

အဆိုပါ ကလေးငယ်(၄)ဦးအား လားရှိုးမြို့ လူမှုကူညီရေးအသင်းက လားရှိုးပြည်သူ့ဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်ပေးထားကြောင်း သိရသည်။