ဩစတေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တက္ကသိုလ်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် Global Peace Index (GPI)ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်း အစီရင်ခံစာမှာ မြန်မာနိုင်ငံက မငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် အဆင့် ၁၄၈ မှာ သတ်မှတ်ထားကြောင်း သိရပါသည်။
ယခု GPI က ထုတ်ပြန်လိုက်တဲ့ စစ်တမ်းများအရ ကမ္ဘာ့နိုင်ငံမှာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး မရှိဆုံးနိုင်ငံဟာ ယီမင်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများထဲမှာတော့ မြန်မာနိုင်ငံက အောက်ဆုံး အဆင့်မှာ ရှိနေကြောင်းသိရပါသည်။
အဆိုပါ စစ်တမ်းသည် နိုင်ငံပေါင်း (၁၆၃)နိုင်ငံက လူမှုရေး အထောက်အပံ့ လောက်ငှအောင် ပေးနိုင်တဲ့ အနေအထား၊ ဘေးအန္တရာယ်ကင်းမှု၊ လုံခြုံမှု အခြေအနေ၊ ပြည်တွင်းပြဿနာနှင့် ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေပေါ် သုံးသပ်ပြီး နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး အညွှန်းကိန်းမှာ အဆင့်ခွဲသတ်မှတ် တာြဖစ်ပါသည်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဆင့် ၃၀ အောက် ကျဆင်းသွားကြောင်း သိရှိရ ပါသည်။
