နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးမြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများအား ဖမ်းဆီးပြီး VPN စစ်ဆေးမှု နေ့စဉ်ပြုလုပ်နေ

တောင်ကြီးမြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများအား ဖမ်းဆီးပြီး VPN စစ်ဆေးမှု နေ့စဉ်ပြုလုပ်နေ

Hsan Loi Editor
16/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင်လည်း ယာဉ်ထိန်းရဲများက ဆိုင်ကယ်ဦးထုပ်မဆောင်းသူများအား ဖမ်းဆီးပြီး လက်ကိုင်ဖုန်းများပါ စစ်ဆေးမှုပြုလုပ်လျက်ရှိသည်။

 

“ ဒီနေ့မနက်ပိုင်းမှာလည်း ဗိုလ်ချုပ်ပန်းခြံနား၊ မြို့မဈေးရှေ့နဲ့ အဆုတ်ဆေးရုံနားမှာ မော်တော်ပီကယ်တွေ အုပ်စုလိုက် ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူတွေကို တားပြီး ဖမ်းနေတာတွေ့တယ်။ အဖမ်းခံရတဲ့သူတွေရဲ့ ဖုန်းကိုလည်း စစ်ဆေးပြီး VPN တွေ့ရင်

အမျိုးမျိုး ငွေညစ်တောင်းတာတွေရှိတယ်။ VPN တစ်ခုတွေ့ရင် (၅) သောင်းအနည်းဆုံးပေးရတယ်။” ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

 

လွန်ခဲ့သော (၂) ရက်ခန့်ကစတင်ပြီး တောင်ကြီးမြို့တွင် လမ်းသွားလမ်းလာများအား စစ်ကောင်စီအဖွဲ့ဝင်များက အကြောင်းအမျိုးမျိုးပြကာ စစ်ဆေးမှုပြုပြီး VPN အသုံးပြုမှုကို အဓိကစစ်ဆေးနေကြောင်း သိရသည်။