သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့တွင် ဖုန်းထဲ VPN စစ်ဆေးတွေ့ရှိသောကြောင့် စစ်ကောင်စီက လူငယ် (၄) ဦးအား ဖမ်းဆီးထား၊ ထောင်ဒဏ်(၆) နှစ်ချမှတ်မည်ဟု ခြိမ်းခြောက်ထား

ကျောက်မဲမြို့တွင် ဖုန်းထဲ VPN စစ်ဆေးတွေ့ရှိသောကြောင့် စစ်ကောင်စီက လူငယ် (၄) ဦးအား ဖမ်းဆီးထား၊ ထောင်ဒဏ်(၆) နှစ်ချမှတ်မည်ဟု ခြိမ်းခြောက်ထား

Hsan Loi Editor
16/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အတွင်း ယမန်နေ့ ဇွန်လ (၁၄) ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်များသည် မြို့မဈေးအနီးတစ်ဝိုက်နှင့် မြို့အဝင်လမ်းများအတွင်း လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးပြီး ဖုန်းအတွင်း VPN တွေ့ရှိသူများအား ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သလို ငွေညစ်တောင်းခံမှုများလည်း ပြုလုပ်ခဲ့သည်။

 

“ စစ်သားတွေလား ရဲတွေလားမသိဘူး အရပ်ဝတ်တွေနဲ့ အုပ်စုလိုက်လမ်းမှာစောင့်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးကြတယ်။ မနေ့ကဆို လူငယ်(၄) ဦးကို ဖုန်းထဲမှာ VPN တွေ့လို့ဆိုပြီး ဖမ်းခေါ်သွားတယ်။ ထောင်ဒဏ် (၆)နှစ်ချမယ်ဆိုပြီးတော့လည်း ပြောသံတွေကြားနေရတယ်။ ပိုက်ဆံပေးနိုင်တဲ့ အသက်ကြီးပိုင်းတွေကိုတော့ ဒဏ်ငွေ (၂) သိန်းပေးခိုင်းပြီး ပြန်လွှတ်ပေးတာတွေရှိတယ်။” ဟု ကျောက်မဲဒေသခံ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောပြသည်။

 

သျှမ်းပြည်နယ်အတွင်း လားရှိုး၊ တောင်ကြီးအပြင် ကျောက်မဲမြို့တို့၌ VPN စစ်ဆေးမှုများ စတင်ပြုလုပ်လာခြင်းဖြစ်သည်။