နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဆီဆိုင်မြို့နယ်က အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်း ထပ်နင်းမိပြန်၊ ယခုလအတွင်း မြေမြုပ်မိုင်းနင်းမိသူ (၂)ဦးရှိ

ဆီဆိုင်မြို့နယ်က အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်း ထပ်နင်းမိပြန်၊ ယခုလအတွင်း မြေမြုပ်မိုင်းနင်းမိသူ (၂)ဦးရှိ

Hsan Loi Editor
16/06/2024
Share:

 

ယခုနှစ်ဇွန်လ ၁၃ ရက် ညနေ ၅ နာရီခန့်အချိန်က သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းရွာမှ အမျိုူးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိကြောင်း သိရသည်။

 

မြေမြုပ်မိုင်းနင်းမိသော အမျိုးသမီးသည် နောင်ရင်းရွာနေ နန်းထားထားရီ ဖြစ်ပြီး နိုင်ငံခြားတွင် ရောက်ရှိနေတဲ့ အစ်မဖြစ်သူနှင့် ဖုန်းဆက်သွယ်ပြောဆိုရန် ရွာအရှေ့ဘက်ခြမ်း ဖုန်းလိုင်းမိတဲ့နေရာသို့ သွားရောက်ပြီး အပြန်မှာ မြေမြုပ်မိုင်း နင်းမိကြောင်း၊ ယခုလအတွင်း မြေမြုပ်မိုင်းနင်းမိသူ (၂)ဦးရှိကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

 

မြေမြုပ်မိုင်း နင်းမိခြင်းကြောင့် ခြေတစ်ဖက်ပြတ်ကာ ဘယ်ဘက်မျက်လုံး အစထိမှန်ဒဏ်ရာများ ရရှိသဖြင့် အောင်ပန်းမြို့ရှိ ကုတင် ၇၀၀ ဆေးရုံကြီးမှာ ဆေးကုသခံယူနေရကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် နေ့က ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်က အသက် ၇၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကာ အလားတူ ယခင်ကလည်း ရေချိုးသွားရမှ တံတားအောက်ဘက်မှာတွင် မြေမြုပ်မိုင်း နင်းမိပြီး နောင်ရင်းရွာသားတစ်ဦး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။