သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုး-မန္တလေး လမ်းမကြီးအား ကားများပုံမှန်အတိုင်းသွားနိုင်နေသေးသော်လည်း မန္တလေး-နမ္မတူလမ်း ပိတ်ထားဟုဆို

လားရှိုး-မန္တလေး လမ်းမကြီးအား ကားများပုံမှန်အတိုင်းသွားနိုင်နေသေးသော်လည်း မန္တလေး-နမ္မတူလမ်း ပိတ်ထားဟုဆို

Hsan Loi Editor
13/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မန္တလေးမြို့သို့ လားရှိုး-သီပေါ- ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်-မန္တလေး လမ်းမကြီးအား ယနေ့
အထိ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်နေသေးကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့၌ သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-သီပေါ လမ်းပိုင်း ပန်နေရွာအနီးရှိ လမ်းမကြီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မြောင်းတူးပြီး ကားအသွားအလာအား ဖြတ်တောက်ခဲ့သည်။

ဆက်စပ်သတင်းများအရ ယနေ့တွင် လားရှိုး-သိန္နီလမ်း၊ မန္တလေး-နမ္မတူလမ်း ပိတ်ထားပြီဟု သိရသည်။