သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မန္တလေးမြို့သို့ လားရှိုး-သီပေါ- ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်-မန္တလေး လမ်းမကြီးအား ယနေ့
အထိ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်နေသေးကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့၌ သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-သီပေါ လမ်းပိုင်း ပန်နေရွာအနီးရှိ လမ်းမကြီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မြောင်းတူးပြီး ကားအသွားအလာအား ဖြတ်တောက်ခဲ့သည်။
ဆက်စပ်သတင်းများအရ ယနေ့တွင် လားရှိုး-သိန္နီလမ်း၊ မန္တလေး-နမ္မတူလမ်း ပိတ်ထားပြီဟု သိရသည်။
