နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်ညီလာခံ ပြင်ဆင်ရေး ဒုတိယအဆင့် နောက်ဆက်တွဲအဖြစ် သျှမ်းပြည်လူမျိုးစုမှလူနည်းစုအခွင့်အရေးများ လေးစားကာကွယ်ရန် ဆွေးနွေးခဲ့ဟုဆို 

သျှမ်းပြည်ညီလာခံ ပြင်ဆင်ရေး ဒုတိယအဆင့် နောက်ဆက်တွဲအဖြစ် သျှမ်းပြည်လူမျိုးစုမှလူနည်းစုအခွင့်အရေးများ လေးစားကာကွယ်ရန် ဆွေးနွေးခဲ့ဟုဆို 

Hsan Loi Editor
16/12/2022
Share:

 

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအပေါ်မူတည်၍ သျှမ်းပြည်အတွင်းရှိ လူမျိုးစုများ၏ အနာဂတ်နိုင်ငံရေးမျှော်ရည်ချက်နှင့် အေးချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေး ကြိုတင်ညှိနှိုင်း တိုင်ပင်ရန် နိုင်ငံရေးအရလိုအပ်မှုများနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး သျှမ်းပြည်ညီလာခံပြင်ဆင်ရေး ဒုတိယအဆင့် နောက်ဆက်တွဲဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့တို့တွင် (၂) ရက်တိုင်တိုင် zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

(၂) ရက်တာကာလ ဆွေးနွေးမှုတွင် သျှမ်းပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူနည်းစုအခွင့်အရေးများအား ကာကွယ်ရန် အတွက် အဓိက ခေါင်းစဉ်ကြီးအနေဖြင့် ဆွေးနွေးခဲ့သည်။

 

“ လူမျိုးအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ လိင်ကြောင့်ဖြစ်စေ၊အဆင့်အတန်းကြောင့်ဖြစ်စေ(ဇာတ်နိမ့်၊ ဇာတ်မြင့်)၊ အလုပ်အကိုင်ကြောင့်ဖြစ်စေ၊ အခြားမည့်သည့်အကြောင်းအရာမဆို လူနည်းစုဖြစ်နေသောသူများ၏ အခွင့်အရေးများကိုလေးစားကာကွယ်ရမည်” ဟု တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသား ဆရာမတစ်ဦးက ပါဝင်ဆွေးနွေးသည်။

 

ဒါ့အပြင် “ လူ့ဘောင်အတွင်း အတူတကွ အေးချမ်းစွာ အတူနေထိုင်နိုင်ဖို့ ဥပဒေစိုးမိုးမှုက အဓိကကျပါတယ်။ ပညာပေး ဘယ်လိုဘဲလုပ်ပေးနေပါစေ ရှေးရိုးစွဲတွေလည်း ရှိနေအုန်းမှာပါဘဲ။ ဥပဒေပြဌာန်းကာကွယ်ပေးပြီး ဥပဒေအတိုင်း လက်တွေ့ကျင့်သုံးမှသာလျှင် လူနည်းစုအတွက်အကာအကွယ်ပေးနိုင်ပါတယ်။ ဘဝစိတ်ချလုံခြုမှု ရှိမှာဖြစ်ပါတယ်။” ဟူ၍လည်း တက်ရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးက ဖြည့်စွက်ဆွေးနွေးသည်။

 

လူမျိုးကွဲပြားမှုကြောင့်ဖြစ်စေ၊ ဘာသာရေးသက်ဝင်ယုံကြည်ကွဲပြားမှုကြောင့်ဖြစ်စေ၊လိင်နှင့်လိင်စိတ်တိမ်းညွှတ်ခြင်းကွဲပြားမှုကြောင့်ဖြစ်စေ၊အဆင့်အတန်းကွဲပြားမှုကြောင့်ဖြစ်စေ၊ အလုပ်အကိုင်ကြောင့်ဖြစ်စေ၊ အခြားမည်သည့်အကြောင်းအရာနှင့်မဆို လူနည်းစုများ၏ အခွင့်အရေးများကိုလေးစား ကာကွယ်ရမည် ဟု တက်ရောက်လာသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ပါဝင်ထောက်ခံကြသည်။

 

ကလေးများအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေဖို့ ပညာပေးလုပ်ငန်း ပိုမိုလုပ်ဆောင်ရန်နှင့် လာမည့်သျှမ်းပြည်အနာဂတ်မှာ ကိုးကွယ်ယုံကြည်မှုအတွက်awarenessအတွက်အခြေခံပညာရေးမှာပါဝင်ရေးဆွဲပြီးသင်ကြားဖို့ လိုအပ်ကြောင်း လည်း ပြောပါသည်။

 

ဆွေးနွေးပွဲကို သျှမ်းပြည်အတွင်းရှိ သျှမ်း၊ ပအိုဝ်း၊ တအာင်း၊ ဓနု၊ ကချင်၊ ကိုးကန့်၊ အင်းသား၊ လားဟူ၊ အာခါ၊ ဝ၊ ကယန်း၊ လီဆူး၊ ယင်းနက်နှင့် အခြား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူမျိုးစုများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

 

သျှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ကော်မတီတွင် တိုင်းရင်းသားပြည်သူလူထုများ လူမျိုးစုများက ဦးဆောင်ထားလျက်ရှိကြောင်း သတင်းရရှိသည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/