နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၂၀၂၂ ခုနှစ် ကတည်းက အတည်ပြုဖို့ ကြိုးစားလာတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို မကြာမီ အတည်ပြုရန်ရှိ

၂၀၂၂ ခုနှစ် ကတည်းက အတည်ပြုဖို့ ကြိုးစားလာတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို မကြာမီ အတည်ပြုရန်ရှိ

Hsan Loi Editor
10/06/2024
Share:

 

Virtual Private Network (VPN) နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူများကို ထောင်ဒဏ် (၁)နှစ်မှ အများဆုံး (၃)နှစ် အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စစ်ကောင်စီက လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်း က ရေးဆွဲထားပြီး မကြာမီအတည်ပြုဖို့ရှိကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ မေလ(၃၀)ရက်နေ့က စပြီး ဖေ့တ်ဘုတ်ဆိုရှယ်မီဒီယာ အသူပြုသူများအကြား VPN ခံပြီး အသုံးမပြုနိုင်အောင် Secure Web Gateway ဖြင့် ပိတ်ပင်လိုက်ကြောင်းသိရသည်။

 

“ ဖေ့တ်ဘုတ် သုံးရဖို့ရေး VPN တွေ တစ်ခုပြီးတစ်ခု လိုက်ရှာချိတ်နေရတာ အဆင်ပြေဘူး၊ ဖေ့တ်ဘုတ်ကနေ စျေးရောင်းနေရတဲ့ ကျွန်မတို့အတွက် တော်တော်လေးအခက်တွေ့သွားတယ်၊ နဂိုကတည်းက စီးပွားရေးကျနေပါတယ်ဆို ဒီလိုမျိုး ဆိုရှယ်မီဒီယာကပါ သုံးမရနိုင်အောင် ထပ်လုပ် လိုက်တော့ ပိုဆိုးတာပေါ့” လို့ အွန်လိုင်းရှော့ပ် လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောသည်။

 

မည်သူမဆို ဆက်သွယ်ရေးဥပဒေအရ လိုင်စင်ရယူ၍ ၀န်ဆောင်ပေးသည့် ကွန်ယက်ပေါ်တွင် ၀န်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ Virtual Private Network (VPN) နည်းပညာ (သို့မဟုတ်) အလားတူ နည်းပညာအသုံး၍ ကွန်ယက်ထူထောင်ခြင်း၊ ၀င်ရောက်ချိတ်ဆက်ခြင်း၊ အသုံးပြုခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်ဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း(၅၀) ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေမူကြမ်းမှာ ပါရှိပါသည်။

 

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေး စီးပွားရေး မတည်မငြိမ် ဖြစ်နေမှုနဲ့ နိုင်ငံ့ပုံရိပ် ကျဆင်းအောင် Facebook ကနေ နည်းအမျိုးမျိုးနဲ့ လှုံ့ဆော်မှုကြောင့် ဟုဆိုကာ ဆိုရှယ်မီဒီယာ အသုံးပြုသူ ပြည်သူများအကြား VPN နဲ့ ချိတ်ဆက် အသုံးပြုမရအောင် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြောင်း သိရှိရသည်။