နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း နင်းမိပြီး ဆီဆိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦး ညာခြေထောက်ပြတ်ထွက်

စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း နင်းမိပြီး ဆီဆိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦး ညာခြေထောက်ပြတ်ထွက်

Hsan Loi Editor
06/06/2024
Share:

 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက်တွင် ဇွန်လ(၆)ရက်နေ့ မနက် (၈)နာရီခန့်အချိန်မှာ စစ်ကောင် စီ ထောင်ထားသည့်မိုင်း နင်းမိသဖြင့် ‌အသက်(၇၁)နှစ်ရှိ ဒေါ်စိုးစိုးလတ် ၏ ညာဘက် ခြေထောက် ပြတ်ထွက်သွားကြောင်း သိရသည်။

 

အဆိုပါ အမျိုးသမီးသည် နေအိမ်ဝင်းအတွင်း သန့်ရှင်းရေး လုပ်နေစဉ် မြေမြုပ်မိုင်း နင်းမိခြင်းဖြစ် ကြောင်း သိရသည်။

 

မြေမြုပ်မိုင်း နင်းမိခြင်းကြောင့် ၎င်းလူနာကိုအောင်ပန်းမြို့ရှိ ကုတင် ၇၀၀ ဆံ့ ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း နီးစပ်သူ ဆွေမျိုးများထံမှ သိရပါသည်။

 

စစ်ကောင်စီသည် ဆီဆိုင်မြို့ပေါ်နှင့် မြို့ပတ်ဝန်း ကျင် တွင်လည်းကောင်း၊ ၎င်းတို့ အဓမ္မသိမ်းဆည်းထားသည့် မြေတွင်လည်းကောင်း၊ မြေမြှုပ်မိုင်း/နင်းမိုင်းများ ထောင်ထားသဖြင့် ဒေသခံပြည်သူများ သတိပြုကြရန် ပအိုဝ်းအမျိုးသားလွှတ်‌မြောက်ရေးတပ်မတော် (PNLA) မှ တိုက်တွန်းထား‌ကြောင်း သိရပါသည်။

Photo-CJ