နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံသေဆုံးမှု (၃၀)ဝန်းအထိ ရှိလာ

မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံသေဆုံးမှု (၃၀)ဝန်းအထိ ရှိလာ

Hsan Loi Editor
04/06/2024
Share:

 

ယမန်နေ့ ဇွန်လ(၃)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မတောကျေးရွာတွင် မင်္ဂလာဆောင်ပွဲအခမ်းအနား ကျင်းပနေစဉ်အတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး သတိုးသား၊ သတိုးသမီးအပါအဝင် ဒေသခံသေဆုံးမှု (၃၀)ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် ဒရုန်းဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းဖြင့်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သည်ဟုဆိုသည်။

 

ယနေ့အထိ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်ကူညီရန် ကြိုးစားလျက်ရှိပြီး ဒဏ်ရာရရှိသူများပြားသောကြောင့် သေဆုံးသူဦးရေ ပိုမိုများပြာလာနိုင်သေးကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေးငယ်နှင့် အမျိုးသမီးများစွာပါဝင်သည်ဟုဆိုသည်။

 

ဒါ့အပြင် မေလ (၂၉)ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာက ရွာသူရွာသားများအား စစ်ကောင်စီက အစုလိုက်အပြုံလိုက် ပစ်သတ်မှုကျူးလွန်ခဲ့ပြီး ပြည်သူ(၇၀)ဦးကျော် သေဆုံးခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်စားချေ တုန့်ပြန်သွားမည်ဟု ဇွန်လ (၂)ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့သည်။