နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာသားတစ်ဦး နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံး

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာသားတစ်ဦး နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံး

Hsan Loi Editor
03/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ရွာသားတစ်ဦးသည် ယနေ့ ဇွန်လ(၂)ရက်နေ့ နံနက်အစောပိုင်းက လွယ်ဝိုးတုတ်ရွာအနီး နွားကျောင်းနေရင်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း သိရသည်။

 

မိုင်းနင်းမိသောသူသည် လွယ်ဝိုးတုတ်ရွာနေ အသက်(၄၉)နှစ်အရွယ်ရှိသူ ပအိုဝ်းတိုင်းရင်းသား ဦးခွန်ငယ်ဖြစ်သည်။

 

“နွားကျောင်းနေရင်း မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ ဖြစ်ဖြစ်ချင်း ပရဟိတကားတွေရဲ့ အကူအညီနဲ့ တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသတယ်။ ဒဏ်ရာအရမ်းပြင်းထန်လို့ အခုတော့ အောင်ပန်းစစ်ဆေးရုံကို ပို့လိုက်ပြီပြောတယ်။ ဖြစ်ဖြစ်ချင်း အဲ့နားမှာရှိတဲ့ စစ်သားတွေကို သူ့ကို တစ်ခါတည်းပစ်သတ်ပေးဖို့ တောင်းဆိုသေးတယ်။ ဘာလို့လဲဆိုရင် သူ့မိသားစုက သူ့ကိုမှီခိုနေရပြီး သူ့ကြောင့် သူ့မိသားစုဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့တဲ့လေ။” ဟု ၎င်းအား စဝ်စံထွန်းဆေးရုံပို့ဆောင်ကူညီပေးသူတစ်ဦးက ပြောပြသည်။

 

လွယ်ဝိုးတုတ်ရွာသည် မတ်လကတည်းက စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြှောက်ရေးတပ်မတော်(PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာဖြစ်သည်။