ယနေ့ (၁.၆.၂၀၂၄) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-သီပေါကြား ဒုဌဝတီမြစ်ကူး ယာယီတံတား (ကျင်သီ) အား ပြန်လည်ပြုပြင်နေပြီး တံတားဖြတ်သန်းခွင့်ယာယီပိတ်ထားသည်။ မိုးရာသီရောက်ပြီဖြစ်ပြီး ရေတက်လာပါက တံတားနှင့်မြစ်ရေမလွတ်သောကြောင့် တံတားအောက်ပိုင်းအနည်းငယ်ပြန်မြင့်နေခြင်းဖြစ်သည်။ လက်ရှိတွင် တံတားထိပ် ၂ ဖက်၌ တံတားဖြတ်သန်းရန် စောင့်ဆိုင်းနေသော ကားများ ရာချီပိတ်မိနေသည်။
ယနေ့နေ့လည်ပိုင်းခန့်တွင် တံတားပြန်လည်မြင့်တင်ခြင်း ပြီးစီးနိုင်မည်ဟုခန့်မှန်းရပြီး ခရီးသွားများအနေဖြင့် စုံစမ်းပြီးမှသွားရန် တိုက်တွန်းသည်။
