နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မေလ (၂၅)ရက်နေ့ ညပိုင်း၌ တောင်ကြီးမြို့တွင် ကား(၅)စီးဆင့်တိုက်မှုဖြစ်ပွား

မေလ (၂၅)ရက်နေ့ ညပိုင်း၌ တောင်ကြီးမြို့တွင် ကား(၅)စီးဆင့်တိုက်မှုဖြစ်ပွား

Hsan Loi Editor
26/05/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ ဗိုလ်ချုပ်လမ်းတွင် ကားတစ်စီးက အရှိန်လွန်မောင်းနှင်လာသော အရှိန်မထိန်းနိုင်ဘဲ ရှေ့ကားကိုတိုက်မိရာမှ ကား(၅)ဆင့်တိုက်မှု မေလ(၂၅)ရက်နေ့ ည(၉း၃၀)နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။

“ဗိုလ်ချုပ်ပန်းခြံအနီး Chill Bar ရှေ့မှာ ကားတစ်စီးက အရှိန်နဲ့မောင်းလာပြီး အရှိန်မထိန်းနိုင်ဘဲ ကား(၅)စီးဆင့်တိုက်သလိုဖြစ်သွားတယ်။ တိုက်မိတဲ့ကားက လိုင်စင်နဲ့လား Without လားဆိုတာတော့ မသိဘူး။ ယာဉ်တိုက်မှုကြောင့် တစ်ယောက်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရတာပဲ ကံကောင်းနေပြီပြောရမယ်။”ဟု ဖြစ်စဉ်အနီးရှိ တောင်ကြီးသားတစ်ဦး ပြောပြသည်။

မိုးရာသီရောက်ပြီဖြစ်သည့်အတွက် ညပိုင်းကားမောင်းနှင်ကြသူများအနေဖြင့် အရှိန်လျှော့ပြီး ဂရုစိုက်မောင်းနှင်ကြရန် တောင်ကြီးသူ/တောင်ကြီးသားများက တောင်းဆိုထားသည်။