နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် CNA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ပြီဟုဆို

ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် CNA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ပြီဟုဆို

Hsan Loi Editor
24/05/2024
Share:

 

ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် CNA နှင့်ပူးပေါင်းအဖွဲ့က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း CNF/CNA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒေသသတင်းအရင်းအမြစ်အား ထုတ်ဖော်ပြောဆိုသည်။

 

တွန်းဇံမြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများအား ယမန်နေ့ မေလ(၂၃)ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

 

တွန်းဇံမြို့ရှိ ခလရ(၂၆၉)အား လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီဘက် တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း နောက်ဆုံး၌ မြို့အတွင်းကျန်ရှိသော စစ်ကောင်စီတပ်သားများ တီးတိန်မြို့ဘက်ကို ဆုတ်ခွာထွက်ပြေးခဲ့သည်ဟု ဆလိုင်းထက်နီက ပြောဆိုထားသည်။

 

တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၂၀)ဦးကျော် သေဆုံးခဲ့သလို ချင်းတော်လှန်ရေးအင်အားစုဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

 

အလားတူ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကိုလည်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ဆက်စပ်သိရသည်။