နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

(၆၆)နှစ်မြောက် သျှမ်းအမျိုးသား တော်လှန်ရေးအထိမ်းအမှတ်အခမ်းအနားအား RCSS/SSA ထိန်းချုပ်ရာ နယ်မြေများ၌ အသီးသီးကျင်းပခဲ့၊ (၅)နှစ် စစ်မှုထမ်းဆောင်ပြီးသူများအား မိဘများထံ ပြန်လည်အပ်နှံ

(၆၆)နှစ်မြောက် သျှမ်းအမျိုးသား တော်လှန်ရေးအထိမ်းအမှတ်အခမ်းအနားအား RCSS/SSA ထိန်းချုပ်ရာ နယ်မြေများ၌ အသီးသီးကျင်းပခဲ့၊ (၅)နှစ် စစ်မှုထမ်းဆောင်ပြီးသူများအား မိဘများထံ ပြန်လည်အပ်နှံ

Hsan Loi Editor
22/05/2024
Share:

 

ယမန်နေ့ မေလ (၂၁)ရက်နေ့တွင် ကျရောက်သော သျှမ်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအား သျှမ်းပြည်နယ်တောင်ပိုင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော် RCSS/SSA ထိန်းချုပ်ရာ နယ်မြေများအတွင်း အသီးသီးကျင်းပပြုလုပ်ခဲ့သည်။

သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား RCSS ဌာနချုပ် လွိုင်တိုင်းလျန်းအပြင်၊ RCSS တပ်မဟာ (၈၀၈)၊ တပ်မဟာ (၇၅၉)၊ တပ်မဟာ(၇၂၇)၊ တပ်ရင်း (၉၉၆) စသည့် RCSS အုပ်ချုပ်ရာဒေသများအတွင်း ကျင်းပပြုလုပ်သည်။ သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်တွင် စာပေဟောပြောပွဲနှင့် လူထုတွေ့ဆုံပွဲပါ တစ်ပါတည်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သျှမ်းတော်လှန်ရေးကာလအတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော သျှမ်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းများအား လွမ်းသူပန်းခွေချခြင်း၊ အမျိုးသားရေးတာဝန် ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော သူရဲကောင်းများအား ဂုဏ်ပြုဆုတံဆိပ်ချီးမြင့်ခြင်းများ ပြုလုပ်သည်။ ဒါ့အပြင် အခမ်းအနားတွင် RCSS/SSA တပ်သားများမှလည်း အခြေခံစစ်ရေး သရုပ်ပြခဲ့သည်။

မေလ (၂၂)ရက်နေ့ ယနေ့တွင်လည်း RCSS/SSA တွင် (၅)နှစ်တာကာလ စစ်မှုထမ်းဆောင်ပြီးသူများအား မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။