နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အီရန်သမ္မတ ရဟတ်ယာဉ်ပျောက်ဆုံးနေမှု ရုရှားနိုင်ငံကပါ ရှာဖွေရေးရဟတ်ယာဉ်များ စေလွှတ်ပြီး ရှာဖွေနေ

အီရန်သမ္မတ ရဟတ်ယာဉ်ပျောက်ဆုံးနေမှု ရုရှားနိုင်ငံကပါ ရှာဖွေရေးရဟတ်ယာဉ်များ စေလွှတ်ပြီး ရှာဖွေနေ

Hsan Loi Editor
20/05/2024
Share:

 

ယမန်နေ့ မေလ(၁၉)ရက်နေ့ညပိုင်းတွင် အီရန်သမ္မတ အီဘရာဟင်မ်ရိုင်ဆီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါလာသော ရဟတ်ယာဉ်သည် နိုင်ငံ၏မြောက်ပိုင်းကို သွားနေစဉ်အတွင်း မတော်တဆဖြစ်ပွားခဲ့ပြီး ရဟတ်ယာဉ်လည်း ပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းများ၏ ဖော်ပြမှုအရသိရသည်။

အဆိုပါခရီးစဉ်အတွင်း ရဟတ်ယာဉ်(၃)စင်း သွားရာမှ ကျန်ရဟတ်ယာဉ်(၂)စင်းက ဘေးကင်းစွာ ခရီးဆက်နိုင်ခဲ့သော်လည်း သမ္မတလိုက်ပါလာသော လေယာဉ်က အခုလိုမတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းအချို့၏ ဖော်ပြမှုအရ အီရန်သမ္မတ ရိုင်ဆီ၊ အရှေ့အဇာဘိုင်ဂျန်အုပ်ချုပ်ရေးမှူး၊ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဝန်ကြီးအချို့လိုက်ပါလာသော ရဟတ်ယာဉ်သည် အီရန်အနောက်မြောက်ဘက် Jolfa အရပ်၌ ပျက်ကျခဲ့သည်ဟု ဖော်ပြသလို အချို့ နိုင်ငံတကာသတင်းများ၏ ဖော်ပြမှုတွင် ပျက်ကျခြင်းမဟုတ်ဘဲ အရေးပေါ်ဆင်းသက်စဉ် စက်ချို့ယွင်းကာ မတော်တဆဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရှာဖွေကယ်ဆယ်ရေးအတွက် ရုရှားသမ္မတပူတင်ကလည်း ရဟတ်ယာဉ်များစေလွတ်ပြီး ကူညီဆောင်ရွက်နေသလို လေယာဉ်ပျက်ကျသောဒေသတွင် မြူဆိုင်းနေသောကြောင့် အခင်းဖြစ်ပွားရာနေရာသို့ ရှာဖွေရေးရဟတ်ယာဉ်များ မရောက်နိုင်သေးကြောင်း အေဂျာဇီးရာ သတင်းဖော်ပြမှုအရ သိရသည်။