ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

တာချီလိတ်မြို့ ကျောက်တောင်သင်္ချိုင်းတွင် အမှိုက်အိတ်ဖြင့်ထုတ်ထားသော သေဆုံးနေသည့် မွေးကင်းစကလေးငယ်တွေ့ရှိ

တာချီလိတ်မြို့ ကျောက်တောင်သင်္ချိုင်းတွင် အမှိုက်အိတ်ဖြင့်ထုတ်ထားသော သေဆုံးနေသည့် မွေးကင်းစကလေးငယ်တွေ့ရှိ

Hsan Loi Editor
18/05/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့(၁၈.၅.၂၀၂၄)ရက်နေ့ နံနက်(၉း၃၀)နာရီခန့်က ကျောက်တောင်သင်္ချိုင်းရှိ အမှိုက်ပုံ၌ သေဆုံးနေပြီးဖြစ်သော မွေးကင်းစမိန်းကလေးတစ်ဦးအား အမှိုက်အိတ်ဖြင့်ထုတ်ပြီး ပစ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ဦးလှမိုး လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကလေးငယ်၏ အလောင်းအား ဦးလှမိုးလူမှုကူညီရေးအသင်း အဖွဲ့ဝင်များက သွားရောက်သယ်ဆောင်ပြီး မြေမြုပ်သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။