နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

SSPP နှင့် UWSA က စစ်ကောင်စီနှင့်ပူးပေါင်းပြီး RCSS အား စစ်ကြောင်းထိုးသောကြောင့် ရပ်စောက်မြို့နယ်တွင် တိုက်ပွဲဖြစ်

SSPP နှင့် UWSA က စစ်ကောင်စီနှင့်ပူးပေါင်းပြီး RCSS အား စစ်ကြောင်းထိုးသောကြောင့် ရပ်စောက်မြို့နယ်တွင် တိုက်ပွဲဖြစ်

Hsan Loi Editor
18/05/2024
Share:

 

သျှမ်းအင်အားကြီး အဖွဲ့အစည်း ၂ ဖွဲ့ဖြစ်သော RCSS/SSA နှင့် SSPP/SSA တို့ အပစ်အခတ်ရပ်စဲပြီး ပေါင်းစည်းရေးအတွက်ဆွေးနွေးချိန်အတွင်း အခြားတစ်ဖက်တွင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းအုပ်စု အတွင်းရှိ RCSS အဖွဲ့ထံ SSPP နှင့် UWSA က စစ်ကောင်စီနှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုး ထိုးစစ်ဆင်ခြင်းကြောင့် ၂ ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း Tai Freedom ​၏ သတင်းဖော်ပြချက်အရ သိရသည်။

ယမန်နေ့ မေလ(၁၇) ရက်နေ့ နံနက် (၈:၃၀) နာရီခန့်၌ SSPP နှင့် UWSA (၂) ဖွဲ့သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စု နားစံကျေးရွာ မြောက်ဘက်တွင် လှုပ်ရှားလျက်ရှိသော RCSS တပ်ဖွဲ့ရှိရာထံ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ၂ ဖက် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားပြီး မိနစ်(၂၀) ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယခုအချိန်ထိ UWSA ဘက်က သံလွင်မြစ်အနောက်ခြမ်းကို စစ်အင်အားဖြည့်တင်းလျက်ရှိသလို စစ်ကောင်စီ​၏ အင်အား(၃၅၀) ခန့်ပါသော စစ်ကြောင်းကလည်း RCSS ထံ ဆက်လက်ထိုးဆင်စစ်နေသောကြောင့် စစ်ရေးတင်းမာလျက်ရှိသည်။

RCSS တပ်ဖွဲ့လှုပ်ရှားရာနေရာများသို့ တစ်ဖက်သတ် ထိုးစစ်ဆင် လိုက်လံရှာဖွေခြင်းကြောင့် ယခုလို သျှမ်းတပ် ၂ တပ်ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားရခြင်းဖြစ်ပြီး ပြည်သူလူထုများစွာ နေထိုင်သော နားစံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရခြင်းကြောင့် ဒေသခံများကို စာနာထောက်ထားပြီး RCSS ဘက်မှ တပ်ဆုတ်ပေးခဲ့ပြီး ပစ်ခတ်မှု ငြိမ်သက်ရခြင်းဖြစ်သည်။ ၂ ဖက် ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါ။

 


Credit & Tai Freedom