သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးနဲ မှာရေထွက်တွေ မတိမ်ကောဖို့ မြို့ခံတွေ သစ်ပင် စိုက်ပြီးထိန်းသိမ်း မယ်လို့ဆို

မိုးနဲ မှာရေထွက်တွေ မတိမ်ကောဖို့ မြို့ခံတွေ သစ်ပင် စိုက်ပြီးထိန်းသိမ်း မယ်လို့ဆို

Hsan Loi Editor
17/05/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊လင်းခေးခရိုင်၊ မိုးနဲ မြို့ရဲ့ စက်တော်တောင်မှာရှိတဲ့‌သဘာဝရေထွက် ဟာသစ်တော ဖြုန်းတီး မှုတွေကြောင့်တစ်နှစ်ထက်တစ်နှစ် ခန်းခြောက် လာတဲ့အတွက် သဘာဝပတ်ဝန်း ကျင်ချစ်မြတ် နိုးသူ မိုးနဲ ဒေသခံတွေက လက်ရှိမှာ သစ်ပင်စိုက် ပျိုးပြီး ထိန်း သိမ်း ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ် ။

စက်တော်တောင်မှာရှိတဲ့‌သဘာဝရေထွက်ဟာ မိုးနဲ လယ်ယာမြေနဲ့ စိုက်ပျိုး မြေ ၇၀% ရာခိုင်နှုန်း လောက်အသုံးပြုနေတဲ့ ရေထွက်တစ်ခုဖြစ်သလို ကျေးငှက်တိရစ္ဆာန်တွေမှီခိုကျက်စားရာသစ်ပင်တောတောင်လည်း ရှိနေပါတယ်။ စက်တော်တောင်ဧရိယာက သာသနာနယ်မြေလည်းဟုတ်သလို သဘာဝတောတောင်ရေမြေပတ်ဝန်းကျင်ထိန်း သိမ်းရေးဧရိယာလည်းဖြစ်ပြီး သစ်တောသစ်ပင်တွေဟာ တစ်နှစ်ပြီးတစ်နှစ် နည်းပါးလာနေတာကို မျက်မြင်ထင်ရှားတွေ့နေရတယ်လို့ မိုးနဲမြို့ခံ သ ဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူ တစ်ဦးက ပြောပါတယ် ။

” သစ်တောသစ်ပင်တွေပြုန်းတီးရင် ရေထွက်လည်းခန်းခြောက်သွားမယ်။ သာသနာနယ်မြေလည်း စိမ်း လန်းစိုပြေသာယာတဲ့နေရာမဖြစ်နိုင်တော့ပါဘူး။ စိမ်းလန်းစိုပြေနေချင်စဖွယ်ဖြစ်တဲ့နေရာအဖြစ် ရေရှည်တည်တံ့ဖို့နဲ့ သဘာဝရေထွက်မခန်းခြောက်သွားဖို့ ကျွန်တော်တို့စုပေါင်းပြီး သစ်ပင်စိုက်ပျိုးဖို့ ကြိုးစားနေကြခြင်းပဲဖြစ်တယ်” လို့ဆိုပါတယ် ။

မိုးနဲစက်တော်ကဆုန်လပြည့်ညောင်ရေသွန်းပွဲနဲ့စက်တော်တောင်မိုးခေါ်ပွဲမတိုင်ခင် စက်တော်တောင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဇုံမှာ သစ်ပင်တွေစိုက်ပျိုးမှာဖြစ်တယ်လို့ သိရပါတယ် ။

နှစ်စဥ် ကဆုန်လပြည့်နေ့မှာ မိုးနဲရဲ့ဒြပ်မဲ့ယဉ်ကျေးမှုတခုဖြစ်တဲ့ မိုးခေါ်ပွဲကျင်းပတဲ့နေ့လည်းဖြစ်ပြီး
မြို့ခံဗုဒ္ဓဘာသာဝင်တွေအတွက် အဲ့ဒီနေ့ထူးနေ့မြတ်ကို မိုးနဲမြို့၊ စက်တော်တောင်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်ပါတယ်။ စက်တော်တောင်မှာ အရှင်မဟိန္တရဟန္တာခြေတော် ရာရှိတဲ့အတွက်ကြောင့်လည်း စက်တော်တောင်က မိုးနဲသာမက ‌အိမ်နီးချင်းမြို့နယ်တွေထိ နာမည်ကျော်ကြားလူသိများပါတယ် ။

 


Photo: မိုးနဲ စက်တော်ရေထွက်