နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျိုင်းတုံမြို့ နှင်းဆီရွှေဆိုင်ကို ဓားပြဝင်တိုက်သော လူငယ်(၃)ဦးအား နာရီပိုင်းအတွင်း ပြန်ဖမ်းမိပြီဟုဆို

ကျိုင်းတုံမြို့ နှင်းဆီရွှေဆိုင်ကို ဓားပြဝင်တိုက်သော လူငယ်(၃)ဦးအား နာရီပိုင်းအတွင်း ပြန်ဖမ်းမိပြီဟုဆို

Hsan Loi Editor
15/05/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက် လွိုင်မွေလမ်းရှိ နှင်းဆီရွှေဆိုင်ကို မေလ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် လူ(၃)ဦးက သေနတ်ပစ်ဖောက်ပြီး ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလူငယ်(၃)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ချလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ ထည့်ထားသော မှန်ဘောင်များအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားသည်။ ထို့နောက် မိုင်းလားသွားလမ်း တာပင်းဂိတ်တွင် စစ်ကောင်စီအဖွဲ့က အဆိုပါ ဓားပြ(၃)ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သိရသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင်လည်း မေလ (၁၂)ရက်နေ့က ဓားပြမှုဖြစ်ပေါ်ခဲ့ပြီး ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။