တောင်ကြီးမြို့ ၊ ညောင်ရွှေဟော်ကုန်းရပ် ၊ ဆိုလာသောက်ရေသန့်စက်ရုံ အနီးတွင် ယနေ့ည ၀၇:၃၀ အချိန်ခန့်က လျှပ်စစ်မီးအား ရုတ်တရက် ဆောင့်တက်လာပြီးဝါယာရှော့မှ တစ်ဆင့်နေအိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ ကနဦးသိရသည် ။
မီးလောင်ကျွမ်းအားပြင်းထန်ခဲ့ပြီး လူနေအိမ် နှစ်လုံးထက်မနည်းကူးစက်လောင်းကျွမ်းခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ပြောပြချက်အရသိရပေမဲ့
ဆုံးရှုံးမှုတန်ဖိုးကို အတိအကျ အတည်မပြုနိုင်သေးပေ ။
