သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

နော်ဝေအခြေစိုက် စစ်မှုထမ်းဟောင်းတစ်ဦးတည်ထောင်ခဲ့သော NorArm Tactical က ချင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့အား စစ်သင်တန်းပေးနေ

နော်ဝေအခြေစိုက် စစ်မှုထမ်းဟောင်းတစ်ဦးတည်ထောင်ခဲ့သော NorArm Tactical က ချင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့အား စစ်သင်တန်းပေးနေ

Hsan Loi Editor
12/05/2024
Share:

 

နော်ဝေနိုင်ငံအခြေစိုက် နော်ဝေစစ်တပ်၏ စစ်မှုထမ်းတစ်ဦးက တည်ထောင်ခဲ့သော NorArm Tactical ကုမ္ပဏီက အဖွဲ့ဝင်တစ်ဦးမှ မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့အား စစ်သင်တန်းပေးနေကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြလာသည်။

 

ဓာတ်ပုံနှင့်အတူ “ ပဋိပက္ခဇုန်တစ်ခုထပ်ပွင့်နေပြီ။ NorArm က အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦးက သူ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ဆန်းသစ်မှုကို စစ်အာဏာရှင်အား တော်လှန်ဆန့်ကျင်နေသော အဖွဲ့ကို ကူညီပံ့ပိုးနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်။ မြန်မာစစ်အစိုးရဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်သော စစ်အစိုးရတစ်ဖွဲ့အပါအဝင်ဖြစ်တယ်။ ၎င်းတို့ကို တော်လှန်တိုက်ခိုက်တာက ဂုဏ်ယူစရာတစ်ခုဖြစ်တယ်။ ပြီးတော့ ကလေးစစ်သားတွေမဟုတ်ကြဘူးဆိုတာကို သူကကျနော်တို့ကို ထောက်ပြပါတယ်။ ဒါက ကိစ္စသေးသေးလေးပါ (ဒါပေမယ့် ရက်စက်တယ်)။” ဟု NorArm Tactical က ရေးသားထားသည်။