နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးတွင် စမတ်ကဒ်အလုအယက်ပြုလုပ်နေ

လားရှိုးတွင် စမတ်ကဒ်အလုအယက်ပြုလုပ်နေ

Hsan Loi Editor
11/05/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သင်္ကြန်ကာလပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စမတ်ကဒ်များ စတင်ပြုလုပ်ပေးလျက်ရှိသည်။

စမတ်ကဒ်(Unique Identification Number) အား တစ်ရက်လျှင် လူဦးရေ (၂၅၀) ဦး ပြုလုပ်ပေးမည်ဖြစ်သည်။

စမတ်ကဒ်မပြုလုပ်ထားပါက ခရီးသွားလာလျှင် အခက်အခဲဖြစ်ပေါ်မည်ဟူသော ကောလာဟလကြောင့် လားရှိုးမြို့တွင်လည်း နေ့စဉ်နှင့်အမျှ အလုအယက်ပြုလုပ်နေသည်။

“ မှတ်ပုံတင်ရှိပြီးသားကို စမတ်ကဒ်ထပ်လုပ်ခိုင်းတယ်ဆိုတော့ တစ်ခုခုပဲပေါ့။ ဒါပေမယ့် ဒီကဒ်မလုပ်ပြန်ရင်လည်း လမ်းခရီးအစစ်အဆေးတွေမှာ အခက်အခဲဖြစ်နိုင်တယ်ဆိုတော့ သွားကြရတာပေါ့။ လားရှိုးလိုမြို့မှာ လူဦးရေက သိန်းဂဏန်းရှိတာကို တစ်ရက်ကို (၂၅၀) ဦးဆိုတော့ တစ်နှစ်ပတ်လုံး လုပ်ပေးတောင်ပြီးမှာမဟုတ်ဘူး။ အခုဆိုရင် စမတ်ကဒ်လုပ်ပေးတဲ့ ပွဲစားတွေတောင်ရှိနေပြီ။” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

စမတ်ကဒ်ကို စစ်ကောင်စီ​၏ ညွှန်ကြားချက်ဖြင့် လဝကတွင် ပြုလုပ်ပေးနေခြင်းဖြစ်ကာ စမတ်ကဒ်မပြုလုပ်ထားပါက နယ်စပ်ဖြတ်ခွင့်စာအုပ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။